Runtime က 3 နာရီရှိတာတောင် ကြည့်လိုမဝစေမဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားလေးဟာ ကျား၊မ တန်းတူအခွင့်အရေးအကြောင်း စိတ်၀င်တစားရိုက်ပြထားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ခုပါ။
ဒီဇာတ်ကားလေးကိုကြည့်ပြီး အတွေးတစ်ခုခုကျန်ခဲ့လိမ့်မယ်ဆိုတာတော့ အသေအချာပါပဲ။
ဇာတ်လမ်းထဲမှာ ပန်ချာပီ လူမျိုးဖြစ်တဲ့ သူဌေးသား ရော်ကီ(ရန်ဗီး) ဟာ ပညာတတ် ဘင်္ဂါလီမလေး တစ်ဦးကို သူ့ရဲ့ အဖိုးကြောင့်
တကယ်မချစ်သေးပဲ လက်တွဲခဲ့ပါတယ်။
ဘင်္ဂါလီမလေးက ချမ်းသာပေမဲ့ ပညာမတတ်တဲ့ ရော်ကီကို အပျော်တွဲဖိုသာစဉ်းစားထားခဲ့ပါတယ်။
ရောကီကတော့ တကယ်လက်ထပ်ဖိုထိရည်ရွယ်ထားခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရော်ကီးဟာ သူလိုချင်တဲ့ အချစ်စစ်ကိုရခဲ့ပြီး သူတိုနှစ်ယောက်ဟာလက်ထပ်ပေါင်းသင်းခဲ့ပါတယ်။
ဒါပေမဲ့ ပန်ချာပီနဲ့ ဘင်္ဂါလီတွေဟာ ယဉ်ကျေးမှု၊ဘာသာရေး၊အတွေးအခေါ် မတူညီကြဘဲ မိသားစုနှစ်ဖက်ကြား ကတောက်ကဆလေးတွေ ဖြစ်လာတော့ ရော်ကီးတို လက်မယားဟာ သူ့အမျိုး၊ကိုယ့်အမျိုး အိမ်မှာ တစ်လှည့်ဆီနေပြီး ညှိယူဖို ကြိုးစားကြပါတော့တယ်။
ဟာသတွေ ၊ရိုမန့်တစ်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမှာဖြစ်ပြီး ဒိုင်ယာလော့တွေကလည်း ရှယ်ပဲမို ကြည့်ရတာလုံး၀တန်စေမဲ့ ကားလေးမို့ ညွှန်းလိုက်ရပါတယ်