ဝမ်ယွင်ကျစ်ဆိုတဲ့ ဓားရေးပြပြီး ပြဇာတ်ကတဲ့ကောင်လေးဟာတစ်နေ့မှာတော့ ခရီးသွားရင်း မတရားမှုကိုတွေ့လိုဝင်ကူညီရာကနေ မတော်တဆ တော်ဝင်ကိုယ်ရံတော်တွေကို သတ်မိသွားပြီးတော့ ကျောင်အကျဉ်းထောင်ထဲရောက်သွားပါတော့တယ် ။
အဲဒီကျောင်အကျဉ်းထောင်က လူ့ပြည်မှာရှိတဲ့ ငရဲပြည်လိုတောင် သတ်မှတ်ထားကြနဲ့ အကျဉ်းထောင်ကြီးဖြစ်ပါတယ် ။ သေဖိုရက်ကိုစောင့်ရင်း မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ရှင်နေရတဲ့ ဝမ်ယွင်ကျစ်ကို မိန်းမစိုးကျန်းချန်က အသက်ထပ်ရှင်နိုင်ဖိုအတွက် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ။သူ့ကို မင်းကြီး မင်တိုင်းပြည်နဲ့ မိန်းမစိုးကျန်းချန်ဆီမှာ တင်းကျန်ဆိုတဲ့နာမည်နဲ့ အမှုထမ်းခွင့်ပေးလိုက်ပါတယ် ။ ဒီလိုနဲ့ ဝမ်ယွင်ကျစ်တစ်ယောက် မိန်းမစိုးကျန်းချန်ရဲ့ ရုပ်သေးရုပါစပြီးဖြစ်လာပါတော့တယ်။
တင်းကျန်နာမည်နဲ့ မင်းမှုထမ်းဖြစ်သွားတဲ့ ယွင်ကျစ်တစ်ယောက် နန်းတွင်းအရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားမလဲ ? သူကိုယ်တိုင်ကရော ပြဿနာတွေထဲ ဘယ်လိုဝင်ပါလာလိမ့်မလဲဆိုတာ ...